Tuesday, 16 June, 2026г.
russian english deutsch french spanish portuguese czech greek georgian chinese japanese korean indonesian turkish thai uzbek

пример: покупка автомобиля в Запорожье

 

RFA TV August 31, 2012

RFA TV August 31, 2012У вашего броузера проблема в совместимости с HTML5
လွတ်လပ်တဲ့အာရှအသံ RFA ရုပ်မြင်သံကြား အစီအစဉ် (သြဂုတ်လ ၃၁ ရက် ၂ဝ၁၂) - ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်၊ NCGUB ဒေါက်တာသောင်းထွန်းနှင့် NLD (LA) ဦးညိုအုန်းမြင့် ရန်ကုန်မြို့ကို ရောက်ရှိ၊ - ၁၉၉၂ ခုနှစ် ABSDF (မြောက်ပိုင်းဒေသ) သတ်ဖြတ်မှုကိစ္စ ဥပဒေကြောင်းအရ တရားစွဲမည်၊ - အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ၃ ပွင့်ဆိုင် ဆွေးနွေးပွဲ အလုပ်သမားဝန်ကြီးဌာန ဦးစီးကျင်းပ၊ - ဟူးကောင်းချိုင့်ဝှမ်းမှာ ယုဇနကုမ္ပဏီ မြေသိမ်းယူမှု ကိစ္စ တောင်သူ ၅ ဦးနဲ့ NDF ပါတီ ဒေါ်ဘောက်ဂျာ သတင်းစာရှင်းလင်း၊ - ဝါဝါဝင်းကုမ္ပဏီက ရောင်းစားနေတဲ့ မြေတွေ အစိုးရပိုင်မြေ အဖြစ် ပြန်လည် သိမ်းယူပေးဖို့ လယ်သမားတွေ သဘောထား ထုတ်ဖော်၊ - ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုင်ရာ သင်တန်းတက်ဖို့ မြန်မာ လေ့လာရေး အဖွဲ့ ပိုလန်နိုင်ငံကို ထွက်ခွာ၊ - ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ သာပေါင်းမြို့နယ် ရေဘေးဒုက္ခသည် စခန်းကို သွားရောက် လှူဒါန်း၊ - အိန္ဒိယ စီးပွားရေးလုပ်ငန်းရှင်အဖွဲ့ မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ တွေ့ဆုံဆွေးနွေး၊ - တရုတ်နယ်စပ်ရောက် ကချင် စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေ သွားရောက်လေ့လာဖို့ တရုတ်အစိုးရက ခွင့်မပြုကြောင်း UNHCR အာရှ အကြီးအကဲ ပြော၊ ... စတဲ့ သတင်းတွေနဲ့ - ABSDF မြောက်ပိုင်း ၁၉၉၂ ခုနှစ် သတ်ဖြတ်မှု ထွက်ပြေး လွတ်မြောက်လာသူတွေရဲ့ သတင်းစာ ရှင်းလင်းပွဲ၊ - ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းက ယုဇနကုမ္ပဏီ လယ်မြေသိမ်းပိုက်မှု သတင်းစာရှင်းလင်းပွဲ၊ - ဗဟိုအုပ်ချုပ်မှုနဲ့ အလှမ်းဝေးတဲ့ ဒေသတွေက အာဏာပိုင်တွေရဲ့ ထင်သလို ပြုမူဖမ်းဆီးမှုများ၊ - ချင်းတိုင်းရင်းသားဘာသာ အစီအစဉ် (မိုးအဆက်မပြတ် ရွာသွန်းလို့ ကလေးမြို့နယ်က အမှတ် (၂) ကုန်သွယ်ရေး လမ်းမကြီး ပျက်စီးပြီး ခရီးသွားတွေ အခက်တွေ့နေတဲ့ အကြောင်း- မြန်မာဘာသာ စာတန်းထိုး) ... စတဲ့ အစီအစဉ်တွေကို ဒီကနေ့ ကြည့်ရှုရမှာပါ။
Мой аккаунт